ဈေးကွက်ဈေးနှုန်း

အောက်တိုဘာလအတွင်း အောင်ပန်းကုန်စည်ဒိုင်ပွဲရုံများ၏ စီးဆင်းမှု၊ ဈေးနှုန်း(စက်တင်ဘာလ၊ အောက်တိုဘာလ) နှိုင်းယှဉ်ချက်

Last Updated:

အောက်တိုဘာလအတွင်း အောင်ပန်းကုန်စည်ဒိုင်ပွဲရုံများ၏ စီးဆင်းမှု၊ ဈေးနှုန်း(စက်တင်ဘာလ၊ အောက်တိုဘာလ) နှိုင်းယှဉ်ချက်

စဉ်

ကုန်ပစ္စည်း

အမျိုးအစား

 

ဈေးနှုန်း (ပိဿာ)
စက်တင်ဘာလ အောက်တိုဘာလ
နိမ့် မြင့် နိမ့် မြင့်
ပြောင်း ၈၀၀ ၉၀၀ ၇၂၀ ၉၂၀
ကြက်သွန်ဖြူ ၂၄၀၀ ၃၅၀၀ ၂၀၀၀ ၃၈၀၀
အာလူး ၁၈၀၀ ၂၂၀၀ ၁၆၀၀ ၂၀၀၀
ချင်း ၇၅၀ ၁၀၀၀ ၆၀၀ ၉၀၀
ချင်းခြောက် ၃၂၀၀ ၃၆၀၀ ၁၄၀၀ ၂၂၀၀
နနွင်း ၃၂၀၀ ၃၆၀၀ ၁၇၀၀ ၂၆၀၀
ဂေါ်ဖီ ၁၂၀၀ ၁၃၅၀ ၇၀၀ ၁၅၀၀
ပန်းမုံလာ ၇၀၀ ၉၀၀ ၅၀၀ ၇၀၀
ခရမ်းချဉ်သီး ၁၂၀၀ ၁၉၀၀ ၁၇၀၀ ၂၀၀၀
၁၀ မုန်ညှင်း ၅၅၀ ၇၀၀ ၆၀၀ ၇၅၀
၁၁ ဥနီ ၂၅၀၀ ၃၀၀၀ ၁၃၀၀ ၂၀၀၀
၁၂ ဘိုစား ၁၅၀၀ ၁၉၀၀ ၉၀၀ ၁၃၀၀
၁၃ ရွှေပဲ ၅၀၀၀ ၆၀၀၀ ၄၀၀၀ ၅၅၀၀
၁၄ ခရမ်းသီး ၇၀၀ ၉၀၀ ၇၀၀ ၁၂၀၀
၁၅ လိမ္မော်သီး     ၃၀၀၀ ၃၃၀၀

 

အောက်တိုဘာလအတွင်း အောင်ပန်းကုန်စည်ဒိုင်ပွဲရုံများ၏ စီးဆင်းမှု၊ ဈေးနှုန်း(စက်တင်ဘာလ၊ အောက်တိုဘာလ) နှိုင်းယှဉ်ချက်

စာဖိုဆောင်သုံးသီးနှံဖြစ်သည့် ချင်းသီးနှံမှာ အောက်တိုဘာလတွင် အသစ်ထွက်ရှိလာပြီး အစိုဓာတ်များသဖြင့် ပွဲရုံများအနေဖြင့် ဈေးကွက်မှ မှာယူသလောက်သာ တောင်သူများ ထံမှဝယ်ယူပြီး ပြည်တွင်းမြို့ကြီးများသို့ တင်ပို့လျက်ရှိသည်။ တင်ပို့မှုမှာ အောက်တိုဘာလ အတွင်း ကုန်ချိန်ပိဿာ (၃) သိန်းကျော်ခန့်တင်ပို့မှုရှိ၍ ဈေးနှုန်းအနေဖြင့် ယခင်စက်တင်ဘာလ အတွင်း၌ တစ်ပိဿာ(၆၀၀)ကျပ်ရှိပြီး ယခုအောက်တိုဘာလအတွင်း တစ်ပိဿာ(၇၅၀)ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့သည်။

အာလူးမှာ ယခင်စက်တင်ဘာလအတွင်း၌ တစ်ပိဿာ(၁၆၀၀ မှ ၂၀၀၀)ကျပ်မှ ယခု အောက်တိုဘာလ၌ (၁၈၀၀ မှ ၂၂၀၀)ကျပ်ဖြစ် ဈေးအနည်းငယ် တက်သော်လည်း တောင်သူများ စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် ဈေးအမြင့်ဖြင့် ရောင်းဝယ်နေကြသော်လည်း ဈေးကွက်များမှ အဆွဲနည်းသဖြင့် ပွဲရုံလက်ကျန်များပြီး ဈေးအေးနိုင်ကြောင်းနှင့် အောက်တိုဘာလ အတွင်း စီးဆင်းမှုအနေဖြင့် ပိဿာချိန် (၁၀)သိန်းကျော် ရှိကြောင်းပွဲရုံများမှသိရသည်။

ပြောင်းသီးနှံမှာပြည်တွင်းအစာစက်ရုံများ၊ ပြည်ပသို့ ရန်ကုန်ရှိကုမ္ပဏီများအနေဖြင့် ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိသော်လည်း ရိတ်သိမ်းမှု ကာလဖြစ်သည့်အတွက် အစိုဓာတ်များ၍ ပွဲရုံများမှ  အကန့်အသတ် ဖြင့်သာဝယ်ယူစုဆောင်းလျက်ရှိသည်။ တင်ပို့မှု အနေဖြင့် အောက်တိုဘာလအတွင်း ကုန်ချိန် (၁၀)သိန်းခန့် စီးဆင်းလျက်ရှိပြီး ဈေးနှုန်းမှာ အစိုဓာတ်ပေါ်မူတည်၍ တစ်ပိဿာလျှင်(၈၀၀ မှ ၉၅၀)ကျပ်ခန့်ရှိကြောင်းသိရသည်။

ဟင်းသီးဟင်းရွက်ကုန်စိမ်းသီးနှံများအနက် ဂေါ်ဖီထုပ်မှာစိုက်ဧကလျော့နည်းခြင်း၊ ထိုင်း သို့ မြဝတီမှတဆင့်တင်ပို့ရန်အဆွဲများသော်လည်း ဈေးနှုန်းမှာ စက်တင်ဘာလထက် (၁၀၀) ကျပ်ခန့်ကျဆင်းပြီး စီးဆင်းမှုမှာ ကုန်ပိဿာချိန် (၄)သိန်းခန့် ဈေးကွက်များသို့ ပို့ဆောင်ခဲ့ကြောင်း ပွဲရုံများမှသိရသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၊ တောင်ကြီးမြို့